Sunday, May 7, 2017

“He painted his own path in life” မိမိဘ၀ကို ကိုယ်တိုင်မွမ်းမံခြယ်မှုန်းသူ တစ်ယောက်အကြောင်း


Original Article 
http://www.straitstimes.com/singapore/it-changed-my-life-migrant-worker-goes-from-painting-condos-to-boss-of-own-company?utm_campaign=Echobox&utm_medium=Social&utm_source=Facebook&xtor=CS1-10#link_time=1493524919

He went from penniless migrant worker painting condos, to living in one as boss of his own company

မာနီ မာလိုင်ချမီ (မာနီ) ဂုဏ်ယူစွာနဲ့ သူ့ရဲ့ ကာကီဘူးကစ် ရုံးခန်းကို လဲ့လည်ကြည့်ရှုနေပါတယ်။ ရုံးခန်း လည်းဟုတ် ပစ္စည်းထားသိုရာလဲဖြစ်တဲ့ သူ့ရဲ့ ရုံးခန်းမှာတော့ သုတ်ဆေးမျိုးစုံကို အရောင်အသွေးစုံလင်စွာ ရှိနေတာမြင်ရမှာပါ။ သူက ကျွန်တော့ကို သူ့ရဲ့ အသစ်စက်စက် ကားသစ်ဖြစ်တဲ့ ၂.၄ လီတာ     တိုယိုတာ ဟာရီယာကားကိုလည်း   ဂုဏ်ယူစွာ ပြပါတယ်။

ကျွန်တော့်ကို ဘုရားသခင်က အကုန်လုံးစီစဉ်ပေးတယ်လို့ ကျွန်တော်ယုံကြည်တယ်။ နံရံမှာ ကပ်ထားတဲ့ သူကိုးကွယ်တဲ့ ဟိန္ဒူနတ်ဘုရား ဂန်နီရှာရုပ်ပုံကို လှမ်းကြည့်ရင်း သူကပြောပါတယ်။ သူ့မျက်လုံးတွေက ယုံကြည်မှုတွေအပြည့်နဲ့ပေါ့။

ဒီနှစ်မှာ ၄၇နှစ်ပြည့်တဲ့ မာနီက ဒီရုံးခန်းကို လွန်ခဲ့တဲ့ ၂ နှစ်က စင်ကာပူဒေါ်လာ ၄ သိန်း ၂ သောင်းနဲ့ဝယ်ယူနိုင်ခဲ့ပြီး သူရဲ့လုပ်ငန်းနဲ့ သူ့ဘ၀ ပြောင်းလဲခဲ့ပုံကို ရည်ညွှန်းပြန်ပြောင်းပြောပြနေတာ ဖြစ်ပါတယ်။ မာနီ ဟာအိန္ဒိယကနေ  စင်ကာပူကို ရွှေပြောင်းအလုပ်သမားအဖြစ် လွန်ခဲ့တဲ့ အနှစ် ၂၀ ကရောက်ရှိလာခဲ့ပြီး အောက်ခြေအလွန်ချို့တဲ့သူ  အဖြစ်ကနေ ဒီနေ့မှာတော့ ရုံးခန်းတွေ၊ ဂွန်တိုမီနီယံတွေ၊ တိုက်တာအဆောက်အဦးတွေကို တာဝန်ယူဆေးသုတ် ပေးနေရပြီး တစ်နှစ်ကို ၀င်ငွေ စင်ကာပူဒေါ်လာ ၂.၆ သန်းရှိနေပြီ ဖြစ်ပါတယ်။

မာနီက ခဏရပ်ပြီး ဒါပေမယ့် ကျွန်တော့်မှာ ဒုတိယဘုရားရှိပါသေးတယ်။ သူကတော့ မစ္စတာ အမ်အားသင် ဖြစ်ပါ တယ်။

မစ္စတာ အမ်ကသူ့ရဲ့ သဌေးဟောင်းဖြစ်ပြီး သူ့ကို ဒီအခြေအနေရောက်လာအောင် အစစအရာရာ သင်ကြားပြသ  ပေးသူဖြစ်ပြီး ဒီလိုကိုယ်ပိုင်လုပ်ငန်း လုပ်ဖြစ်အောင်လည်း တွန်းအားပေးခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ သူ့အသက်ထက် ငယ်ရွယ်သူလို့ထင်ရတဲ့ မစ္စာတာ မာနီက စင်ကာပူမွေးတဲ့လူတစ်ယောက် စကားပြောတဲ့ လေသံနဲ့ခွဲမရ အောင်တူတဲ့ လေသံနဲ့ နားလည်လို့ရတဲ့ မပြည့်မစုံ အင်္ဂလိပ်စကားနဲ့ ပြောပြပါတယ်။ 

မစ္စတာမာနီကို အိန္ဒိယနိုင်ငံ၊ တမီးနာတူးပြည်နယ်မှာရှိတဲ့ တီရူးပါတာမြို့နားမှာရှိတဲ့ ရွာငယ်လေးမှာ မွေးဖွားခဲ့ပြီး   မွေးချင်း ၇ ယောက်မှာအငယ်ဆုံးဖြစ်ပါတယ်။ သူ့ရဲ့မိဘတွေက အလွန်ဆင်းရဲတဲ့ လယ်သမားတွေဖြစ်ပြီး မိုးခေါင်ရေရှားမှုကြောင့် သားသမီးတွေကျွေးဖို့ မကြာခဏဆိုသလို ပိုက်ဆံချေးငှား ရလေ့ရှိပါတယ်။ စားဝတ်နေရေးအတွက် သူတို့မိသားစုဟာ ဆိတ်တွေကိုလည်းမွေးရကြောင်း မာနီက ပြန်ပြောင်းပြောပြပါ တယ်။



သူငယ်ရွယ်စဉ်အခါက လယ်ထဲကို ကျောင်းစာအုပ်တွေနဲ့ ယူသွားပြီး ငှက်မှောင်းရတယ်လို့ပြောပြပါတယ်။ လူ  စာခြောက်ရုပ်ပေါ့၊ သူကအရွှန်းဖောက်ပြီး ပြောပြပါတယ်။ ကျွန်တော် ၁၇ နှစ်ရောက်တော့ ကျွန်တော်ကျောင်းပြီး   ပြီလေ။ သူများအတွက် မဟုတ်ပေမယ့် ကျွန်တော့်အတွက်ပေါ့။ ဘာကြောင့် ကျောင်းဆက်မတက်ဖြစ်တော့ကြောင်း မေးကြည့်တော့ ပိုက်ဆံမရှိတာ တစ်ကြောင်း၊ မိသားစုကို ကူညီရမှာ တစ်ကြောင်းကြောင့်ပေါ့ လို့ မာနီကရှင်းပြပါတယ်။ မစ္စတာ မာနီဟာ သူ့ရဲ့ရွာမှာ အလယ်တန်းပညာအထိ သင်ကြားခဲ့ပါတယ်။

သူတို့ရွာမှာ အလုပ်အကိုင်အလွန်ရှားပါးကြောင်း ပြောပြပါတယ်။ သူက ချင်နိုင်းမြို့မှာ စတိုးဆိုင်လေးတစ်ခုမှာ အကူ အလုပ်သမားအနေနဲ့လုပ်ကိုင်ဖူးကြောင်း ပြောပြပါတယ်။ စာမတတ်မြောက်သူ သက်ကြီးရွယ်အိုတွေကို    အခြေခံ စာသင်ပေးတဲ့အလုပ်ကို လုပ်ကိုင်ဖူးကြောင်းလည်း ပြောပြပါသေးတယ်။ အိန္ဒိယအစိုးရရဲ့ စာတတ်မြောက် ရေးလုပ်ရှားမှုနဲ့ပေါ့။ ဘာအလုပ်အကိုင်မှ မရှိတဲ့အခါကျတော့ အိမ်ရဲ့ လယ်လုပ်ငန်းကို ကူညီလုပ်ကိုင်ပေးရကြောင်းပြောပြပါ တယ်။

တောရွာမှာဆိုတော့ ကျွန်တော်တို့ ပိုက်ဆံအများကြီးတော့မလိုပါဘူး၊ ဘာကြောင့်လဲဆိုတော့ ဘာမှအထူးအထွေ အများကြီး ၀ယ်စရာမလိုဘူးလေ။ စားဖို့ဆန်စပါးကို ကိုယ့်ဟာကိုယ်စိုက်တယ်၊ ဟင်းသီးဟင်းရွက်တွေကို  ကိုယ်တိုင်စိုက်တယ်လေလို့ မာနီက ရှင်းပြပါတယ်။

ဒါပေမယ့် သူရဲ့အဖြစ်ချင်ဆုံးဆန္ဒတစ်ခုက ၀င်ငွေကောင်းတဲ့အလုပ်တစ်ခုကို လုပ်လိုတာဖြစ်ပြီး အိမ်တစ်အိမ် ပိုင်ဆိုင်လိုတာဖြစ်ပြီး သူရဲ့မိသားစုရဲ့ကြွေးမြီတွေကို ပေးဆပ်လိုတာပါပဲ။

ကျွန်တော့်ရဲ့ အစ်ကိုကြီးနှစ်ယောက် အိမ်ထောင်ပြုပြီးတော့ မိသားစုကို ပြန်ကူညီခြင်းမရှိဘူးလို့ သူကပြောပြပါ တယ်။ ကျွန်တော် ပိုက်ဆံရှာပြီး ကျွန်တော့်မိဘနဲ့ မိသားစုကို ကူညီချင်တယ်။ ကျွန်တော့် အမတွေကို အိမ်ထောင် ချပေးချင်တယ်။ အိန္ဒိယ ဓလေ့ထုံးစံအရ သတို့သားကို သတို့သမီးက တင်တောင်းရပြီး၊တင်တောင်းခြင်းမပြုနိုင်ရင် အိမ်ထောင်ပြုလို့မရပါဘူး။ ကျွန်တော့်မှာ အမ ၄ ယောက်တောင်ရှိတယ်လေ။

စင်ကာပူရဲ့ လစာ၊ တိုးတက်မှု၊ လုံခြုံမှုတွေကို ကြည့်ပြီး ကျွန်တော် စင်ကာပူကို လာဖို့နေ့တိုင်း အိမ်မက် မက်ဖြစ် ပါတယ်။ ကျွန်တော်တို့ရွာမှာ စင်ကူကို အလုပ်လုပ်ကိုင်ဖို့ ပို့ဆောင်ပေးတဲ့ အလုပ်သမားပွဲစားတွေအများကြီးရှိပါ တယ်။ အဓိက အခက်အခဲက ဈေးကြီးလှတဲ့ သူတို့ရဲ့ ၀န်ဆောင်ခပါပဲ။

သူ အသက် ၂၈နှစ်ပြည့်တဲ့အခါမှာတော့ စင်ကာပူမှာ အလုပ်လုပ်ကိုင်နေတဲ့ သူ့ရဲ့ယောက်ဖ ဖြစ်သူက ခြစ်ခြုတ်   ချေးငှားပြီး စင်ကာပူဒေါ်လာ ၄၀၀၀ ရအောင်ရှာပြီး မစ္စတာ မာနီကို စင်ကာပူမှာ အလုပ်ရှာဖွေဖို့ အလုပ်သမားပွဲစား ကို အပ်နှံခဲ့ပါတယ်။

မာနီက သူစင်ကာပူ ချန်ဂီလေဆိပ်ကို စရောက်တဲ့နေ့ကို သတိတရ ပြောပြပါသေးတယ်။ အရာရာတိုင်းဟာ လှပသစ်လွင် နေပါတယ်။ လေဆိပ်မှာရှိတဲ့ တရုတ်လူမျိုးက သူ့ရဲ့နာမည်ကို မခေါ်တတ်ကြောင်းပြောပြပါတယ်။ ဒီက ရတဲ့အနံ့တွေကလည်း မတူကြောင်း ရီပြီးပြောပြေပါတယ်။

သူရဲ့အလုပ်ရှင် ကုမ္ပဏီက မာရင်းပါရိတ်နေရာမှာရှိတဲ့ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ သူ့ကို လူတော်တော်များများကို ပို့တဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်အစား ကုမ္ပဏီက တာဝန်ယူပြီးဆောက်လုပ်ပေးနေတဲ့ ဘူးဂစ်ဒီးမားနေရာမှာ ရှိတဲ့ ကွန်ဒိုမီနီယမ်ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ပို့လိုက်ပါတယ်။ မာနီက ဒီလိုရှင်းပြပါတယ် “ဘာကြောင့် ဒီလုပ်ငန်းခွင်ကို ပို့ပေးတာလဲဆိုတော့ ရောက်လူသူတဲ့သူတွေထဲမှာ သူတစ်ယောက်ပဲ အင်္ဂလိပ်  စကားနည်း       နည်းပြောနိုင်ပြီး ကျန်တဲ့သူတွေက လုံးဝမပြောနိုင်ဘူး။”

သူ့ရဲ့တာဝန်တွေကတော့ ကွန်တိုမီနီယမ်အခန်းတွေကို ဆေးသုတ်ရတယ်၊ ပြင်ဆင်စရာလိုအပ်တဲ့ အသေးစားတွေ ကို ပြင်ဆင်ပေးရပါတယ်။ ကုမ္ပဏီကု သူ့ကို အဲဒီကွန်တိုမီနီယမ် ကွပ်ကဲရုံးမှာ ပေးအိပ်ပါတယ်။

ကျွန်တော် အဲဒီမှာသိပ်ပျော်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ကို နှောင့်ယှက်မယ့်သူမရှိဘူး၊ ညဆိုရင်   ကျွန်တော် စာဖတ်နိုင်တယ်။ မစ္စတာမာနီဟာ Rapidex (ရာပစ်တစ်ခ်) လို့ခေါ်တဲ့ တမီးလ် စကားပြောသူများ   အတွက် ရည်ရွယ်ထုတ်တဲ့ အင်္ဂလိပ် သင်ခန်းစာစာအုပ်ဖတ်ရတာ အင်မတန် နှစ်   သက်ပါတယ်။

သူကတစ်ရက်ကို စင်ကာပူဒေါ်လာ ၁၈ ဒေါ်လာရပါတယ်။ အချိန်ပိုလုပ်ရရင်တော့ လုပ်ခအနည်းငယ်ပိုရပါတယ်။





ကျွန်တော်နေ့တိုင်းအလုပ်လုပ်တယ်။ တင်္နလာကနေ တင်္နဂနွေအထိပေါ့။ မနက် ၈ နာရီကနေ ည ၇နာရီထိ၊ အချိန်ပိုရှိရင် ည ၁၀နာရီထိ။ ကျွန်တော့်လုပ်ခက တစ်လကို အကြမ်းဖြင်း စင်ကာပူဒေါ်လာ ၆၀၀ ရပါတယ်။ ကျွန်တော် အပြင်သွားလေ့မရှိဘူး။ အလုပ်လုံးဝမရှိတဲ့ တစ်ခါတစ်ရံ တင်္နဂနွေညနေပိုင်း အလုပ်သိမ်းချိန်ဆိုရင်တော့          ကျွန်တော် Seangoon (ဆီရင်ဂွမ်း) နေရာကိုသွားပြီး သီငယ်ချင်းတွေ၊ ရွာက ဆွေမျိုးတွေနဲ့ စကားပြောတယ်။  
ပိုက်ဆံစုမိဖို့အတွက် ကျွန်တော့် ဆောက်လုပ်ရေးရုံးနားမှာရှိတဲ့ ကားရပ်ရာနေရာနားမှာ ကျွန်တော် လျှပ်စစ်ပေါင်းအိုးနဲ့ ထမင်းနဲ့ ဟင်းကို ကိုယ့်ဘာသာကိုယ်ချက်စားတယ်။

မစ္စာတာမာနီဟာ အသုံးအစွဲကို အင်မတန်ချွေတာနိုင်တဲ့အတွက် သူ့ရဲ့ယောက်ဖဖြစ်သူကို စင်ကာပူလာဖို့ချေးငှားထားတဲ့ စင်ကာပူဒေါ်လာ ၄၀၀၀ ကိုတစ်နှစ်ကျော်ကျော် အတွင်းမှာ ပြန်ပေးနိုင်ခဲ့ပါတယ်။ ပိုက်ဆံစုပြီး Orchard Road (အော်ချတ်) လမ်းမှာရှိတဲ့ နိုင်ငံခြားသားတွေအတွက်ဖွင့်ထားတား အင်္ဂလိပ်သင်ခန်းစာကို လည်းတက်ရောက်ခဲ့ပါတယ်။ 

မကြာခဏဆိုသလို သူဟာ ငွေလွဲပွဲစားကတဆင့် အိန္ဒိယမှာရှိတဲ့ သူ့ရဲ့မိဘတွေကို ပိုက်ဆံမကြာခဏ လွှဲပို့ပေးပါတယ်။ သူ့ရဲ့ အလုပ်ရှင်သူဌေးရဲ့ အကြံပေးချက်အရ Construction Industry Development Board (ဆောက်လုပ်ရေးလုပ်ငန်းကြီးကြပ်မှုဌာန) ရဲ့ အသိအမှတ်ပြုလက်မှတ်ကိုလည်း ရယူခဲ့ပါတယ်။

စင်ကာပူမှာ ၄ နှစ်လုပ်ကိုင်ပြီးတဲ့အခါ သူ အိန္ဒိယကို ပြန်ပြီး လက်ထပ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ သူရဲ့နေ့တွက်လုပ်ခဟာ တစ်ရက်ကို စင်ကာပူဒေါ်လာ ၃၀ တက်ခဲ့ပြီဖြစ်ပါတယ်။ 

ကျွန်တော် အဲဒီအချိန်မှာ အသက် ၃၂ နှစ်ရှိပြီလေ၊ လက်ထပ်ရတော့မှာပေါ့။ သူကစင်ကာပူလေသံနဲ့အရွှန်း        ဖောက်ပြီး ပြောပါတယ်။ သူ့ရဲ့အိမ်ထောင်ဖက်ကို သူ့ရဲ့မိဘတွေက စီစဉ်တာပါ။ သူ့ရဲ့ အိမ်ထောင်ဖက် မာသီဟာ အသက် ၄၀ ရှိပြီဖြစ်ပြီး Alagappa University (အလာဂာဘာ) တက္ကသိုလ်ကနေ စီးပွားရေးရာဘွဲ့ရထားသူဖြစ်ပါတယ်။ 

ဒါပေမယ့် သူက တစ်ခါမှ အလုပ်မလုပ်ဖူးဘူး။ ကျွန်တော်တို့ ဒေသမှာ မိန်းကလေးတွေ တက္ကသိုလ်တက်ပြီး ပြီးရင်အလုပ်မလုပ်တာ အိန္ဒိယမှာ ပုံမှန်ပါပဲ။ ကျွန်တော်သူ့ကို အိမ်ထောင်မပြုခင်မှာ အသက် ၁၂ လောက်တုန်းကပဲ တစ်ခါတွေ့ဖူးတယ်။

ကျွန်တော် အလယ်တန်းလောက်ပဲ ပညာသင်ခဲ့ရတာ အိမ်ထောင်ပြုတာအတွက် အနှောင့်အယှက် မဖြစ်ခဲ့ပါဘူး။  
ပြဿနာမရှိပါဘူး။ သူနဲ့ သူ့ရဲ့မိဘက ကျွန်တော့်မှာ စွမ်းဆောင်ရည်ရှိတာ သိပါတယ်။ ကျွန်တော် လုံလောက်အောင်  ပိုက်ဆံရှာနိုင်မယ်၊ တစ်ခုခုကို         မြန်မြန်ဆန်ဆန် သင်ယူနိုင်မယ်ဆိုတာ သူတို့က ယုံကြည်ပါတယ်။ သံသယမပါပဲနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစွာ ပြောပါတယ်။

အချိန်နောက်ထပ် ၈ လနဲ့နောက်ထပ်အလုပ်သမားပွဲစားတစ်ယောက်ပြောင်းပြီးတဲ့အခါကျတော့ လစာပိုကောင်းတဲ့ အလုပ်တစ်ခုကို သူရခဲ့ပါတယ်။ အဲဒီ

အချိန်မှာ သူရဲ့ဇနီးသည်က သူတို့ရဲ့ ပထမဦးဆုံးသားလေးကို လွယ်ထားရပြီ  ဖြစ်ပါတယ်။

ကျွန်တော် စင်ကာပူကို ပြန်လာပြီးအလုပ်လုပ်ရမယ်။ နားနေလို့မဖြစ်ဘူး။ ကျွန်တော် မိန်းမယူဖို့လောက်ပဲ ပိုက်ဆံရှိတယ်၊ ဒါပေမယ့် အိမ်မ၀ယ်နိုင်သေးဘူး။ ကျွန်တော့် အမရဲ့မင်္ဂလာဆောင်အတွက် တင်တောင်းပေးရဦးမယ်။  မာနီက အိမ်ထောင်ပြုပြီး စင်ကာပူကို ဘာကြောင့် ပြန်လာ အလုပ်လုပ်ရသလဲ ဆိုတာရှင်းပြပါတယ်။

သူရဲ့အလုပ်ရှင်အသစ်ကတော့ ATC Painting Specialist (အေတီစီ ဆေးသုတ်လုပ်ငန်း) ဖြစ်ပါတယ်။ အလုပ်ရှင် သူဌေးကတော့ မစ္စတာ အမ် (Mr Ang)ဖြစ်ပါတယ်။ မစ္စတာမာနီရဲ့ နှံ့စပ်ကျွမ်းကျင်မှုနဲ့ လေ့လာသင်ယူလိုမှုဟာ သူ့ကို အခွင့်အလမ်းများစွာ ရှိစေပါတယ်။

ကျွန်တော်အမျိုးစုံလုပ်တယ်။ ကျွန်တော် လော်ရီကားအသေးမောင်းပြီး အလုပ်သမားတွေကို ကြို၊ပို့ လုပ်တယ်။   လုပ်ငန်းနဲ့သက်ဆိုင်တဲ့ ချက်လက်မှတ်တွေ လိုက်ယူပေးတယ်၊ ပေးစရာရှိတာတွေကို သူဌေးကိုယ်စား ပေးပေး    ရတယ်၊ ၀န်ထမ်းတွေ ကွပ်ကဲရတယ်၊ လုပ်ငန်းခွင်တွေကို ထိန်းသိမ်းကွပ်ကဲပေးရတယ်။ စိတ်အားတက်ကြွစွာနဲ့  မာနီက ပြောပြပါတယ်။ ၃ လ ကြာတက်ရတဲ့ လုံငန်းခွင်လုံခြုံရေး (Safety Officer) အသိအမှတ်ပြုလက်မှတ်ကို လည်း ရယူခဲ့ပါတယ်။

ကျွန်တော့်သူဌေးက ကျွန်တော့်ကို ကြီးကြပ်သူခန့်အပ်ပါတယ်။နှစ်တိုင်း နှစ်တိုင်းလည်း လစာတိုးပေးပြီး၊ ဆုကြေးလက်ဆောင်များလည်း နှစ်စဉ် ချီးမြှင့်ပါတယ်။ သူ့ရဲ့ ၀င်ငွေအများစုကို အိန္ဒိယမှာ ရှိတဲ့ သူ့ရဲ့ မိန်းမရှိရာကို ပို့ပေး ကြောင်း ပြောပြပါတယ်။

ကျွန်တော့် လုပ်ဖော်ကိုင်ဖက်တွေက အလုပ်သမားတန်းလျားမှာ နေတာကြိုက်ပေမယ့် ကျွန်တော်ကတော့ ကုမ္ပဏီ ရဲ့ ဆေးသိုလှောင်ရာ အခန်းမှာ နေရတယ်နှစ်သက်တယ်။ ကျွန်တော် တစ်ယောက်တည်းနေရတာ ကြိုက်တယ်။ ကျွန်တော် သူတို့နဲ့ တူတူနေရတာ မကြိုက်ဘူး။ လူအများကြီး တူတူနေကြပြီး အကျိုးမရှိတာ ပြောကြမယ်၊ စကားများကြတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ ကုမ္ပဏီကားကို အဲဒီမှာသွားရပ်တယ်။ ကြို၊ ပို့ဖို့အဆင်ပြေတာပေါ့။

မစ္စတာအမ် (၅၃)နှစ်က ဒီလိုပြောပြပါတယ်။ မစ္စတာ မာနီအလုပ်စ၀င်တော့ မကြာခဏ နေမကောင်းဖြစ်ကြောင်း ပြောပြပါတယ်။ 

ဒီကရာသီဥတုကို ကျင့်သားမရသေးလို့ထင်တယ်။ ဒါပေမယ့် သူက အလုပ်အလွန် ကြိုးစားသူဖြစ်တယ်လို့ပြောပါတယ်။ အလုပ်ကြိုးစာသူမဟုတ်ရင် သူ့ကို အလုပ်ဘယ်ခန့်မလဲလို့ မစ္စတာ အမ်ကပြောပြပါတယ်။ 
ကျွန်တော်သူ့ကို အများကြီးသင်ပေးခဲ့တယ်၊ သူကလဲ တတ်လွယ်သူထဲမှာပါတယ် လို့ မစ္စတာအမ်ကရှင်းပြပါတယ်။

၂၀၀၅ ခုနှစ်ရောက်တော့ မစ္စတာ မာနီဟာ တစ်လကို စင်ကာပူဒေါ်လာ ၃၀၀၀ နီးပါးလစာရနေပြီဖြစ်ပါတယ်။ S Pass ရှောက်နိုင်တဲ့ လုပ်ခလစာအဆင့်ကို ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ အလယ်အလတ်တန်းစား နိုင်ငံခြားသားများ ကို ထုတ်ပေးတဲ့အလုပ်လုပ် နေထိုင်ခွင့် ကဒ်ပြားဖြစ်ပါတယ်။ မစ္စတာ အမ်က သူ့ကို သူ့ရဲ့မိသားစု အတွက်လည်း Dependent’s pass မိသားစုခိုလှုံနေထိုင်ခွင့် လျှောက်ထားဖို့ သင်ပေးပါတယ်။

ကျွန်တော်ကတယ်တော့ ချင်နိုင်းမှာ စီးပွားရေးအသေးတစ်ခုလုပ်ဖို့ စိတ်ကူးရှိတယ်။ ကျွန်တော်အဲဒီမှာ မြေနေရာ  သေးသေးတစ်ခုဝယ်ထားပြီးပြီ။ ကျွန်တော် အဲဒီမှာ ၂ ထပ်အိမ်လေးတစ်ခုဆောက်မယ်။ အောက်ထပ်ကို ဆိုင်တစ်ခုဖွင့်မယ်၊အပေါ်ထပ်မှာနေမယ် ကျွန်တော်စိတ်ကူးတယ်။ ဒါပေမယ့် ကျွန်တော့် သူဌေးက ကျွန်တော့မိသားစုကို  စင်ကာပူလာနိုင်အောင် လုပ်ဖို့ ကြိုးစားဖို့ပြောတယ်။

မစ္စတာမာနီ မိသားစုဟာ ၂၀၀၆ ခုနှစ်မှာ Permanet residents (စင်ကာပူမှာ အမြဲတမ်းနေထိုင်ခွင့်၊ ဒုတိယ နိုင်ငံသား) လက်မှတ်ကို ရရှိခဲ့ကြပါတယ်။ 

သူ့ရဲ့ ဒီဘ၀ခရီးစဉ်ဟာ ပန်းခင်းလမ်းပဲမဟုတ်ဘဲ စွန့်လွှတ်အနစ်နှာခံခဲ့ရတာတွေ ရှိကြောင်းလည်း သူကပြောပါတယ်။ 

ကျွန်တော် အလုပ်အလွန်ကြိုးစားတယ်။ ကျွန်တော့်သားအကြီးဆုံး ၈ လပြည့်တဲ့အထိ ကျွန်တော် မမြင်ဖူးသေးဘူး။ ကျွန်တော် ၅ နှစ်နေမှ တစ်ခါပြန်နိုင် တယ်။

ကျွန်တော့်အဖေ ၂၀၀၄ခုနှစ်မှာသေတယ်။ ကျွန်တော်မပြန်ခဲ့ဘူး။ ကျွန်တော် ဒေါင့်တစ်ခုကိုသွားပြီး ငိုခဲ့တယ်။အဲဒီ အချိန်တုန်းက ကျွန်တော် အချိန်မီပြီးရမယ့် အလုပ်တစ်ခုကို လုပ်ပေးနေရတယ်။ တကယ်လို့ကျွန်တော်ပြန်သွားခဲ့  ရင် ကျွန်တော့်အလုပ်ပြုတ်မှာကို ကျွန်တော်စိုးရိမ်မိတယ်။ ကျွန်တော့်အဖေငယ်စဉ်က သီရိလင်္ကာမှာ အလုပ်သွား လုပ်ခဲ့တယ်။ ကျွန်တော့် အဖိုးဆုံးတော့ ကျွန်တော့်အဖေအိန္ဒိယကို ပြန်ခဲ့တယ်၊ ဒါနဲ့သူ့ရဲ့ သီရိလင်္ကာက အလုပ်ကို ဆုံးရုံးခဲ့ဖုးတယ်။

မစ္စတာမာနီရဲ့ ဇနီးဖြစ်သူနဲ့ သူရဲ့သားကြီး Arul Prakash အာယူး (၁၅)နှစ်သား စင်ကာပူကို ၂၀၀၅ ခုနှစ်မှာရောက်လာတော့ သူတို့မိသားစု Bukit Merah (ဘူးဂစ်မေရ) မှာ အိပ်ခန်းတစ်ခန်းပဲပါတဲ့ အခန်းမှာ ငှားရမ်းနေထိုင်ခဲ့ပါ တယ်။ နှစ်အနည်းငယ်ကြာတော့ အိပ်ခန်း ၃ ခန်းပါတဲ့ HDB (စင်ကူပူအစိုးရ အိမ်ယာ) ကို Bedok (ဘီဒုတ်) မှာ Resale Market (အခန်းဟောင်းပြန်ရောင်းချရာဈေးကွက်) မှာ ၀ယ်ယူနိုင်ခဲ့ပါတယ်။ သူ့ရဲ့သားငယ် Areesh Prasanth (အာစင်း) ကို ၂၀၁၀ ခုနှစ်မှာ စင်ကာပူမှာ မွေးဖွားခဲ့ပါတယ်။




သူ့ရဲ့ PR (အမြဲတမ်းနေထိုင်ခွင့်) ရရှိခဲ့ခြင်းဟာ သူ့ရဲ့ အိမ်မက်ဖြစ်တဲ့ ကိုယ်ပိုင်လုပ်ငန်းထူထောင်ဖို့ တွန်းအားပေးခဲ့ပါတယ်။ ကျွန်တော်ကိုယ့်ကိုယ်ကိုယ် ကိုယ်ပိုင်လုပ်ငန်း လုပ်နိုင်မယ်လို့ အမြဲတမ်းယုံကြည်တယ်။ ကျွန်တော် အလုပ်ပေးနိုင်သူတွေကို သိတယ်၊ အလုပ်သမားတွေကို ဘယ်လိုခေါ်ရမယ်၊ဘယ်လိုလျှောက်ရမယ် သိတယ်။ ဒါပေမယ့် ကျွန်တော် ကျွန်တော့်သူဌေးအတွက် စဉ်းစားတယ်။ သူက ကျွန်တော် အခုသိတဲ့ တတ်တဲ့ဟာအကုန်လုံး သူသင်ပေးတာလေ။ သူတာ မကူညီ မသင်ပေးရင် ကျွန်တော့်မိသားစု ဒီမှာမနေနိုင်ဘူး၊ ဒီအခြေအနေကို မရောက်  နိုင်ဘူးလေ။

သူ့မှာ ဒီလိုစိတ်တွေ လွန်ဆွဲနေပေမယ့် မစ္စာတာ အမ်က သူ့ကို ကိုယ်ပိုင်အလုပ်ကို လုပ်ဖို့ အားပေးပါတယ်။

မစ္စတာမာနီက ဒီလိုပြန်ပြောပြပါတယ်။ “မင်း ကိုယ်ပိုင်အလုပ်ကို ကြိုးစားပြီးလုပ်ချေ၊ တကယ်လို့ အကြောင်းမျိုးစုံနဲ့ မင်းမအောင်မြင်ခဲ့လို့ ရှိရင် မင်းဒီအလုပ်မှာ ပြန်လာလုပ်နိုင်တယ်။” ဒီလို သူဌေးမျိုးကို ဘယ်မှာရှာနိုင်မလဲ၊         ကျွန်တော်ကိုယ်တိုင်တောင် ဒီလောက်ထိ ကိုယ့်အလုပ်သမားအပေါ် ဒီလောက်မကောင်းနိုင်ဘူး။ ၀မ်းသာလွမ်းတဲ့ အတွက် ကျွန်တော် ငိုမိတယ်။

သူ့သူဌေးက နားလည်အားပေးတဲ့အတွက်၊ ၂၀၀၇ ခုနှစ်မှာ MMM ကုမ္ပဏီ (သူ့နာမည်၊ သူ့အဖေနာမည်နဲ့ သူ့မိန်းမနာမည် ပါတဲ့) ကို ATC ကုမ္ပဏီမှာ အလုပ်လုပ်နေစဉ်အတွင်းမှာပဲ ထူထောင်ခဲ့ပါတယ်။ အိမ်အသေးလေးတွေ  ဆေးသုတ်တာ၊ ဘန်ဂလိုတွေကို ဆေးသုတ်တာကို ကိုယ်ပိုင်လက်ခံပြီး ညတွေ၊ စနေ၊ တနင်္ဂနွေတွေမှာ လုပ်ခဲ့ပါတယ်။ 

၃ နှစ်ကြာတော့ သူ ATC ကုမ္ပဏီကထွက်လိုက်ပြီး သူစုထားတဲ့ငွေတွေထဲက စင်ကာပူဒေါ်လာ ၁၀၀၀၀ ကို သူ့ရဲ့ကိုယ်ပိုင်လုပ်ငန်းထဲကို ထည့်ပြီး အချိန်ပြည့်လုပ်ကိုင်ခဲ့ပါတယ်။ အလုပ်သမား ၂ ယောက်ငှားတယ်၊ အလုပ်  တွေလက်ခံဖို့၊လုပ်ငန်းရှိရာတွေကို မြန်မြန်ထက်ထက်သွားနိုင်ဖို့ ဆိုင်ကယ်ဟောင်းလေး တစ်စီးဝယ်ပါတယ်။

Interior Designer အခန်းအတွင်းပိုင်းဆိုင်ရာ မွမ်းမံမှုပညာရှင်တစ်ယောက်က သူရဲ့ပထမဦးဆုံး အလုပ်ကြီးတစ်ခု ကိုအပ်ပါတယ်။ အလုပ်တန်ဖိုး စင်ကာပူဒေါ်လာ ၁၅၀၀၀၀ တန်ဖိုးရှိတဲ့ Woodlands (၀တ်လမ်း) မှာရှိတဲ့ စက်ရုံ တစ်ခုကို တာဝန်ယူ ဆေးသုတ်ပေးဖို့ပါပဲ။

ကျွန်တော်တော်တော်ကံကောင်းပါတယ်။ ကျွန်တော်ရဲ့ စင်ကာပူပူမျိုး အလုပ်အပ်သူတွေအကုန်လုံး ကျွန်တော့်အပေါ်အတော်ကောင်းကြတယ်။ သူတို့ ကျွန်တော့်ကို သဘောကြကြပြီး ကျွန်တော့်ကို အလုပ်တွေ အများကြီး    ပေးကြတယ် လို့ အခုအချိန်မှာ အလုပ်သမား ၂၆ ယောက်ခန့်ထားတဲ့ မစ္စတာ မာနီကပြောပြပါတယ်။ သူ့ရဲ့လက်ရှိဝန်ထမ်းတွေထဲမှာ စင်ကာပူလူမျိုး အလုပ်သမားတွေလဲ ပါပါတယ်။ သူ့မှာ အခု လျှပ်စစ်နဲ့ ဆိုင်တဲ့ ကုမ္ပဏီ တစ်ခုကိုလည်း ထပ်ပြီး ထူထောင်ထားပါတယ်။

မစ္စတာ အမ်တောင်မှ သူ့ရဲ့ရရှိထားတဲ့ လုပ်ငန်းတစ်ချို့ကို (Contracts) သူ့ကို လွှဲအပ်လုပ်ကိုင်စေပါတယ်။ Punggol (ပွန်ဂို) ဧရိယာမှာရှိတဲ့ Greendale Secondary (ဂရင်းဒေး အလယ်တန်းကျောင်း)တစ်ခုလုံးကို           ဆေးသုတ်တဲ့လုပ်ငန်း အပါအ၀င်ပေါ့။ အဲဒီကျောင်းကိုလည်း လက်ခံဆေးသုတ်ပြီးရော သူနောက်ထပ် ကျောင်း    ပေါင်းများစွာကို လက်ခံဆေးသုတ်ရပါတယ်။ Marymount Convent (မာရီမောင့် ကွန်ဗင့်ကျောင်း)၊ CHIJ Katong Convent (ချိုင်းကန်တုန်း ကွန်ဗင့်ကျောင်း) အစရှိတဲ့ အထင်ကရကျောင်းတွေ အပါအ၀င်ပေါ့။

ဘာကြောင့် တခြားလူတွေလိုမဟုတ်ပဲ သူ့ရဲ့အလုပ်သမားကို ကိုယ်ပိုင်လုပ်ငန်းထူထောင် နိုင်ဖို့ ကူညီပေးရတာလဲလို့ မစ္စတာ အမ်ကို မေးကြည့်တဲ့အခါ၊ မစ္စတာအမ်က ဒီလိုပြောပြပါတယ်။ ဒါက သိပ်အထူးအဆန်းကြီး မဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင်လဲ အသက်ကြီးလာပြီ၊ ဒီမှာလုပ်စရာအလုပ်တွေက အများကြီး၊ တကယ်လို့ သူကတာ လုပ်နိုင်မယ်ဆိုရင် သူလုပ်ပါစေ၊ ဟောကင်းဘာသာ ရောတဲ့ အင်္ဂလိပ်စကားနဲ့ ဒီလိုရှင်းပြပါတယ်။ ပင်လယ်ရေဟာ သောက်မကုန်နိုင်ပါဘူး၊ လုပ်နိုင်တဲ့သူ လုပ်ပါစေ၊ ဒါပေမယ့် သူအောင်မြင်တာ တွေ့တော့ ကျွန်တော်အတော် ၀မ်းသာတယ်။

မစ္စတာမာနီဟာ သူ့ရဲ့သူဌေးဟောင်း မစ္စတာ အမ်ရဲ့နမူနာကို အတုယူပြီး သူ့ရဲ့ဝန်ထမ်းတွေကို ကောင်းမွန်စွာ    ဆက်ဆံပါတယ်။ မလေးရှားကို အလည်အပတ်ခရီးစဉ်ပို့ပေးတယ်။ သူ့ရဲ့အလုပ်သမားတွေကို သူ့ရဲ့အိမ်ကိုဖိတ်ခေါ်ပြီး မကြာခဏ ထမင်းကျွေးမွေးပါတယ်။

အလုပ်သမားတွေကို ကောင်းမွန်စွာ ဆက်ဆံတဲ့အခါ သူတို့က ကျွန်တော့် သူငယ်ချင်းတွေဖြစ်လာကြတယ်။ သူတို့ကလဲ အလုပ်မှာ အလုပ်လုပ်ရတာ ပျော်လာတယ်လေ။ မစ္စတာမာနီက ရှင်းပြပါတယ်။



မစ္စတာမာနီနဲ့ သူ့ရဲ့မိသားစုဟာ စင်ကာပူမှာ ကောင်းမွန်စွာ လိုက်လျှောညီထွေ အခြေချနေထိုင်နိုင်ကြပါတယ်။

ပထမကျွန်တော် စင်ကာပူရောက်စက ကျွန်တော် ဒူးရင်းဒီးနံ့ရရင် အံချင်တယ်။ အခုကြတော့ ကျွန်တော့်အကြိုက်ဆုံး အသီးဖြစ်နေပြီ။ မနက်စာ ကျွန်တော့်အကြိုက်ဆုံးအစာက Mee Goreng (မလေးရှားခေါက်ဆွဲကြော်)ဖြစ်နေ ပါပြီ။ မစ္စတာမာနီဟာ Senpaga Vinayagar Temple (စင်ပါဂါး ၀ီနရဂါ)ကျောင်းမှာ ရှိခိုးရတာ နှစ်သက်ပြီး သူရဲ့သား အာယူးဖြစ်သူ ပညာဆည်းပူးတဲ့ Temasek Secondary School (သီမားဆက် အလယ်တန်းကျောင်း) မှာ Parents’ Support Group (မိဘဆရာအသင်း)မှာလည်း တက်တက်ကြွကြွ ပါဝင်ပါတယ်။

ကျွန်တော် ဒီလိုအခြေအနေကို ရောက်လာဖို့ ကျွန်တော် တအားကြိုးစားလုပ်ကိုင်ခဲ့ပါတယ်၊ ဒါပေမယ့် ဒီလိုအောင်  မြင်တဲ့ အခြေအနေဖြစ်လာတာ တစ်ခါတခါ ပြန်စဉ်းစားကြည့်ရင် ယုံဖို့တောင်ခဲယဉ်းပါတယ်လို့ မစ္စတာ မာနီက      ပြန်ပြောင်းပြောပြပါတယ်။ ပြီးခဲ့တဲ့ ဧပြီလက မစ္စတာမာနီနဲ့ သူ့ရဲ့မိသားစုဟာ Pasir Ris (ပါးစားရစ်) မှာရှိတဲ့   စင်ကာပူဒေါ်လာ ၁.၂ သန်းတန် ဂွန်တိုမီနီယမ်ကို ပြောင်းရွှေ့ဝယ်ယူနေခဲ့ပါတယ်။

မစ္စတာမာနီက ဒီလိုအရွှန်းဖောက်ပြီး ပြောပြပါတယ်။ ကျွန်တော် ဂွန်တိုမီနီယမ်များစွာကို ဆေးသုတ်ခဲ့ဖူးတယ်။ ဒါပေမယ့် တစ်နေ့ကျွန်တော်ကိုယ်တိုင် ဂွန်တိုမီနီယမ်မှာ နေနိုင်မယ်လို့တော့ တစ်ခါမှတောင် စိတ်ကူးတောင် မယဉ် ခဲ့ဖူးပါဘူး။

The Sunday Times (April 30, 2017) တွင် ဖော်ပြပါရှိသော “He painted his own path in life”ဆောင်းပါးအား မူရင်းနှင့် အထူးနီးစပ်အောင် ပြန်ဆိုပါသည်။ 


SNT - (Singapore) / 7-May-2017                     


Saturday, July 17, 2010

iPhone အကြောင်း [Jailbreak and Unlock and others]

ဒီ Blog ကိုရေးဖို့လုပ်နေတာတော့ တော်တော်ကြာပြီ၊ ရေးမယ်ရေးမယ်နဲ့ မရေးဖြစ်ဘူး
အခုတော့ စရေးလိုက်ပြီ။

စရေးသင့်တယ့်အကြောင်းကတော့ iPhone Jailbreak နဲ့ Unlock အကြောင်းဖြစ်မယ်။
သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေက iPhone အကြောင်းခဏခဏမေးကြတယ်။
ဘယ်လို Jailbreak လုပ်မလဲ၊ ဘယ်လို Unlock လုပ်မလဲ စသဖြင့်ပေါ့။ ဒီတော့ နားလည်ရလွယ်အောင် နည်းနည်းလေး မြန်မာလိုကြိုးစားကြည့်လိုက်တာပါ။

အကုန်လုံးနီးပါးကို အစအစုံးကိုယ်တိုင်လုပ်ဖို့မလွယ်တော့ တစ်ချို့ကို နာမည်ကြီး Tutorial Website တွေကနေ ဘာသာပြန်သဘောမျိုး ပြုလုပ်ပါမယ်။ ကိုယ်တိုင်ကိုယ်ကျ Original Post ကိုကြည့်ချင်သူတွေအတွက် Original Post Link ကို တတ်နိုင်သလောက် ထည့်သွားပေးပါမယ်။

What is iPhone with me and Myanmar Community I know
Apple Company က iPhone စလုပ်တော့မယ်လို့ သတင်းထွက်လာတော့ လူတော်တော်များများက ကိုယ့်အထင်နဲ့ကိုယ်ပေါ့၊ တစ်ချို့ကတော့ အထင်ကိုမကြီးဘူး။ တစ်ချို့ကတော့ တော်တော်လေးမျှော်လင့်ကြတယ်။ တစ်ချို့ကတော့ စောင့်ကြည့်မယ်ပေါ့။ ကျွန်တော်လည်း နဂိုကတော့ သိပ်အထင်မကြီးဘူး။ Singapore မှာနေလာတာကြာတော့ ဖုန်း Contract လေးပြည့်သွားရင်၊ Nokia လဲလိုက် Sony Ericsson လဲလိုက်နဲ့ပေါ့။

တစ်နေ့ [လွန်ခဲ့တဲ့ ၃ နှစ်လောက်ကပေါ့] Youtube မှာ iPhone အကြောင်း Video လေးကြည့်တော့ သူ့ရဲ့ UI (User Interface) ကိုတော်တော်စိတ်ဝင်စားသွားတယ်။ Singapore မှာ iPhone ကလည်းမရောက်သေးဘူး။ ကျွန်တော့်မှာ ဖြစ်ချင်တော့ VPost Account ရှိတာတော်တော်ကြာပြီ။ USA ကော၊ Japan ကောပေါ့။ ဒီ VPost Account က အဲဒီနိုင်ငံက ပစ္စည်းကို Locally ၀ယ်သလိုမျိုး လုပ်ဆောင်ပေးနေတယ်။ ဒါနဲ့ Apple Website ကနေတဆင့် VPost USA Address ကိုသုံးပြီး ကျွန်တော့်ရဲ့ ပထမဆုံး iPhone 2G ကိုစမ်းမှာလိုက်တာ တစ်ပတ်တော့ ရောက်လာပါရော။ ကံကောင်းတာက အဲဒီတုံးက Apple မှာ Compulsory Sing Up လုပ်ရတာမရှိဘူး။ နောက်တစ်ပတ် သူငယ်ချင်းတွေက လိုချင်လို့ မှာလဲမှာရော Apple ဆီကနေ Email တစ်စောင်ရောက်လာပါတယ်။
"We can't deliver to this address anymore!" :P

ဒီကနေစ ကျွန်တော်လဲ iPhone 2G ကို Jailbreak လုပ်တာ၊ Unlock လုပ်တာတွေကို လေ့လာရပါတော့တယ်။ မဟုတ်ရင် သုံးလို့မရဘူးကိုး။ တကယ်သုံးကြည့်တဲ့အခါကြတော့ တခြား Smart Phone တွေနဲ့မတူပဲ သုံးရတာလွယ်ကူတာ၊ Navigation လုပ်တဲ့အခါ Touch Interface က စိတ်တိုင်းကျ တုံ့ပြန်တာ၊ Email ဖတ်ရတာအဆင်ပြေတာ၊ Web Surfing လုပ်ရတာ အဆင်ပြေတာ၊ သီချင်းနားထောင်ချင်ရင် Music Player နောက်တစ်ခုထပ်မသယ်ရတာ၊ Game တွေကို Interface အသစ်နဲ့ဆော့ရတာ စိတ်ဝင်စားဖို့ကောင်းတာရယ်၊ ကျွန်တော်အကြိုက်ဆုံးကတော့ ဖုန်း OS (Operating System) က Crash မဖြစ်သလောက် တည်ငြိမ်တာတွေကြောင့် တော်တော်လေးကြိုက်မိပါတယ်။ ကြိုက်မိတာက ကျွန်တော်တစ်ယောက်တည်းတွင်မက ကမ္ဘာတစ်ခုလုံး လူတော်တော်များများဆိုတော့ ကျွန်တော်တို့ မြန်မာတွေထဲကလည်း တော်တော်များများလေးကိုပါပါတယ်။ ဒါနဲ့ ကျွန်တော်တို့ မြန်မာ Community မှာလဲ iPhone ၀ယ်ပြီဆိုရင် မြန်မာပြည်မှာပြန်သုံးမယ်ဆိုရင် Jailbreak နဲ့ Unlock က မဖြစ်မနေလုပ်မှရမှာဆိုတော့ တော်တော်များများက ဒီအကြောင်းကို သိချင်လာကြပါတယ်။ ကဲလေလည်းတော်တော်ရှည်ပြီ။ Jailbreak နဲ့ Unlock ဆိုတာကို လေ့လာကြည့်ကြရအောင်။

ဘာကြောင့် Jailbreak လုပ်ကြတာလဲ၊ Jailbreak ဆိုတာဘာလဲ
iPhone ကြောင့် ဒီစကားလုံးတွေ ပေါ်လာတာပါ။ iPhone ကိုစရောင်းကတည်းက Apple က၊ တခြား Third Party Software တွေကို အသုံးပြုခွင့်မပေးပါဘူး။ iPhone ကိုဒီတိုင်း OTB [Out of the Box] သုံးရင် တခြားသူတွေ ဘာကြောင့်ဒီဖုန်းကို ဒီလောက်ကြိုက်ကြတာလဲဆိုတာကို စဉ်းစားရခက်နိုင်ပါတယ်။ iPhone ရဲ့အအောင်မြင်ဆုံး နည်းဗျူဟာထဲမှာ Application Store ဟာထိပ်ထဲကပါ။ Application Developer တွေဟာ Apple ရဲ့ တော်တော်လေးလွယ်ကူအောင်လုပ်ထားပေးတဲ့ API ကိုအသုံးပြုပြီး တော်ရုံတန်ရုံ IT/Program Knowledge ရှိသူဟာ iPhone Application ကိုပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် ဒီ Application ကို Apple က အတည်ပြုမှ Application Store မှာမြင်နိုင်မှာပါ။
Jailbreak အကြောင်းကိုဆက်လိုက်ကြရအောင်။ သူရဲ့စကားလုံးအတိုင်းပဲ ရည်ရွယ်ချက်က Apple က ဒီ iPhone ကိုတခြားအပြင်က Software/Application တွေကိုထည့်လို့မရအောင်လုပ်ထားတော့ ထောင်ချထားတာနဲ့သူနေပါတယ်။ အဲဒါကို ရချင်ရင်တော့ ထောင်ဖောက်မှရပါမယ်၊ ဒါ Jailbreak ပါ။ Jailbreak လုပ်ကြတာ အဓိက ရည်ရွယ်ချက်နှစ်ခုရှိပါတယ်။ တစ်ခုက အသုံးဝင်တဲ့ Application တွေကိုထည့်သွင်းနိုင်ဖို့ပါ။ ဥပမာ - iPhone မှာ ဗမာစာ ဖတ်လို့၊ရိုက်လို့ရအောင် လုပ်တာ။ ThirdParty တွေ Develop လုပ်ထားတဲ့ Application တွေကိုထည့်သွင်းချင်တာ။
ဒါပေမယ့် အဓိကရည်ရွယ်ချက်၊အများစုလုပ်ကြတာကတော့ Application တွေကို အလကား ထည့်သွင်းချင်ကြလို့ပါ။
iPhone Apps တွေကို iTunes ကနေတဆင့် ၀ယ်ယူလို့ရပါတယ်။ ဒါပေမယ့် CopyRight Law ကြောင့် နိုင်ငံတိုင်းမှာ iTunes Account ဖွင့်လို့မရပါဘူး။

ဒါကိုပိုပြီးနားလည်အောင် ကျွန်တော်ရဲ့ iPhone 2G ဇာတ်လမ်းကို ပြန်ကောက်မှရပါမယ်။ ကျွန်တော် iPhone 2G ကိုသုံးတော့ Singapore မှာ iTunes Account ဖွင့်လို့မရပါဘူး။ Apple ရဲ့ပြဿနာတစ်ခုက Apps Store ထဲက Free Application ကိုတောင် iTunes Account မရှိရင် Download လုပ်လို့မရပါဘူး။ ဒီတော့ ဒီပြဿနာကြောင့် လူတွေကို Jailbreak လုပ်အောင်တွန်းအားပေးသလိုဖြစ်တာကြောင့် ဒီ Jailbreak ဆိုတာပေါ်လာရတာပါ။ အခုတော့ Singapore မှာ iTunes Account ဖွင့်လို့ရပါပြီ။ ဒါပေမယ့် ဗမာပြည်မှာကြတော့ မရှိသေးပြန်ပါဘူး။ ကျွန်တော်များရဲ့ ရွှေညီအစ်ကိုများကလည်း iPhone ကိုတော်တော်လေးသုံးကြပါတယ်။ စိတ်တော့မပျက်ပါနဲ့။ ဒီပြဿနာက iPhone စတင်တဲ့ America မှာတောင်တော်တော်လေးကြီးပါတယ်။ Apple က AT&T တစ်ခုတည်းနဲ့ရောင်းဖို့ Verizon လိုင်းသုံးတဲ့သူတွေက Jailbreak တွေ၊ Unlock တွေလုပ်ရပြီပေါ့။ ဗမာပြည်မှာ သုံးမယ်၊ Application တွေသုံးချင်တယ်ဆိုရင်တော့ မိတ်ဆွေ၊ ဆက်ဖက်တော့၊ No Choice - Jailbreak လုပ်မှပဲရမယ်။

နောက်ထပ် Jailbreak လုပ်ရင်အားသာတာတစ်ခုက Apple ရဲ့ iTune Store မှာရှိတဲ့ Application တွေကို အလကားထည့်လို့ရပါတယ်။ တစ်ချို့ Apps တွေဆိုတစ်ခုကို US$ 499 လောက်တောင်ရှိတယ်။ တစ်ချို့နာမည်ကြီး Game တွေက တစ်ခုကို US$ 4.99 လောက်ရှိတယ်။ ဒါပေမယ့် Application တွေကအများကြီး၊ iPhone ကလည်း 8GB, 16GB, 32GB ရှိတော့ တော်တော်များများကလည်း Apps တွေအများကြီးလိုချင်ကြတယ်။ ဒီတော့ Jailbreak လုပ်၊ Apps တွေအလကားသွင်း၊ Apple ကလွဲရင်လူတော်တော်များများအတွက် အဆင်ပြေပါတယ်။ ဒါဆိုရင်တော့ Jailbreak ဆိုတာဘာလဲဆိုတာတော့ သိလောက်ပါပြီထင်တယ်။ ဘာကြောင့် Jailbreak လုပ်ကြတာလဲဆိုတာကောပေါ့။
ဘယ်လို Jailbreak လုပ်ရမလဲဆိုတာကို ကျွန်တော်အောက်မှာရှင်းပြပါမယ့်။


iPhone ကိုဘယ်လို Jailbreak လုပ်မလဲ? [iOS 4.0, 4.0.1]

အရင် Jailbreak လုပ်ရိုးလုပ်စဉ်တွေက တော်တော်ခက်ပေမဲ့ အခုနောက်ဆုံးထွက်တဲ့ Jailbreak နည်းကတော့ အတော်လေးလွယ်ပါတယ်။

မိတ်ဆွေရဲ့ iPhone ကနေ Safari Browser ကိုဖွင့်လိုက်ပါ[ဒီနည်းက နောက်ဆုံး iOS 4.0, 4.0.1 အတွက်ပါ] WiFi ချိတ်ထားရင် ပိုမြန်ပေမယ့် 3G, Edge Network မှာလည်းအဆင်ပြေပါတယ်။

Browser Address ထဲမှာ http://jailbrekme.com ဆိုပြီးရိုက်ထည့်လိုက်ပါ။


[ဒီမှာကတော့ ကျွန်တော်က Jailbreak လုပ်ပြီးသားဖြစ်လို့ Error ပေါ်နေတာပါ။ မဟုတ်ရင် အောက်က ပုံလိုပေါ်နေပါမယ်။ iClarified က ပုံကိုယူပြီး အမှန်ဘယ်လိုပေါ်နေမယ်ဆိုတာ ပြထားပေးပါတယ်။]



မိတ်ဆွေရဲ့ဖုန်းမှာ ဒီလိုမြင်ရပါမယ်။
Slide to jailbreak ကိုရွေးလိုက်ပါ။

ဒါဆိုရင် Jailbreak ကို Download နေတာမြင်ရပါမယ်။

Download လုပ်ပြီးသွားရင် Install လုပ်ပါမယ်။ သူ့ဟာသူပဲ လုပ်သွားပါလိမ့်မယ်။



ပြီးသွားရင်တော့ ဒီပုံမျိုးကိုမြင်ရပါမယ်။ Cydia ကို Install လုပ်ပြီးသွားပြီဆိုတာ အကြောင်းကြားပြီး - မိတ်ဆွေ အောင်မြင်စွာ Jailbreak လုပ်ပြီးသွားပါပြီ။